
တခြားသိချင်သောအကြောင်းအရာများရှိရင် caffeinecoffee.myingyan@gmail.com သို့မေးလ်ပို့၍ မေးမြန်းနိုင်ပါတယ်။
လတ်တလောအခြေအနေများအရ cold brew coffee အမျိုးအစားပဲရနိုင်ပါဦးမယ်။
Cold brew coffee ဆိုတာက အခန်းအပူချိန်မှာ ကော်ဖီကို ရေအေးနဲ့ (၁၂) နာရီကနေ (၂၄) နာရီအတွင်းနှပ်ထားတဲ့ ကော်ဖီကို ဆိုလိုတာပါ။
Cold brew coffee နဲ့ hot brew coffee က နာမည်အတိုင်းပဲ ဖျော်စပ်ပုံနည်းစနစ် ကွာခြားပါတယ်။ Cold brew coffee ကရေအေးနဲ့အချိန်အတော်ကြာနှပ်ပြီးဖျော်တဲ့ နည်းစနစ်ပါ။Hot brew coffee ကတော့ အပူချိန် (၈၀) - (၁၀၀) ဒီဂရီအတွင်းမှာရှိတဲ့ ရေနဲ့ ဖျော်စပ်ထားတာမျိုးပါ။ ဖျော်စပ်ပုံနည်းစနစ် ကွာခြားမှုနဲ့အတူ အရသာမှာလည်း ပြောင်းလဲမှုတွေရှိပါတယ်။ Cold brew coffee က hot brew coffee ထက်ပိုပြီးတော့ အချဉ်ဓာတ်၊ အခါးဓာတ်နည်းပါတယ်။
Cold brew coffee concentrate မှာပါတဲ့ ကဖိန်းဓာတ်ဟာ ရိုးရိုးအပူနဲ့ဖျော်တဲ့ ကော်ဖီမှာပါတဲ့ ကဖိန်းဓာတ်ထက် ပိုပြီးတော့များပါတယ်။ ဒါပေမယ့် တခြားရောစပ်ထားပြီးသားကော်ဖီတွေဖြစ်တဲ့ cold brew coffee black နဲ့ latte မှာပါတဲ့ ကဖိန်းဓာတ်ကတော့ ရိုးရိုးအပူနဲ့ဖျော်တဲ့ ကော်ဖီမှာပါတဲ့ ကဖိန်းဓာတ်ထက် ပိုပြီးတော့နည်းပါတယ်။
ကဖိန်းကော်ဖီဆိုတာက တကယ်တော့အမှတ်တံဆိပ်တစ်ခုပါပဲ။ ကော်ဖီနဲ့ကဖိန်းဆိုတာက ခွဲမရသလိုမျိုး ကဖိန်းကော်ဖီက ကော်ဖီချစ်သူတိုင်းအတွက် ကြိုက်နှစ်သက်မယ့် ကော်ဖီအရသာမျိုး ပေးစွမ်းနိုင်ဖို့ မျှော်လင့်ပါတယ်။
We use cookies to analyze website traffic and optimize your website experience. By accepting our use of cookies, your data will be aggregated with all other user data.